Ocean Toe ဆိုတာ ယခုဆိုရင် သက်တမ်း ၂၅ နှစ်ကျော်ရှိလာပြီဖြစ်ပြီး ပင်လယ်စာတွေကို လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးနေတဲ့ ပင်လယ်စာလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ အရည်အသွေးမြင့် ပင်လယ်စာများကို ပို့ကုန်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ မြန်မာနိုင်ငံ မြို့ကြီးများသို့ဖြန့်ဖြူးပေးနေပြီး ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား နှင့် အခြားသော အာရှနိုင်ငံများသို့ တင်သွင်းလျက်ရှိပါသည်။ Ocean Toe ရဲ့အရည်အသွေးမြင့် ပင်လယ်စာထုတ်ကုန်များကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးလျက်ရှိပါသည်။ နိုင်ငံတကာအသိအမှတ်ပြု GAqP စံနှုန်းများနှင့်အညီ မွေးမြူထားပြီး ထုပ်ပိုးမှုအပိုင်းကိုလည်း စားသုံးသူများ၏ ကျန်းမာရေးနှင့် အာဟာရပြည့်ဝဖို့အတွက် ခေတ်မီစက်ကိရိယာများဖြင့် သန့်ရှင်းစွာထုပ်ပိုးထားပါသည်။ ထို့အပြင် ပင်လယ်စားများအား သန့်ရှင်း၍ပိုးမွှားကင်းစင်စေရန် ခေတ်မီအိုဇုန်းစက်ဖြင့် သန့်စင်ရေးလုပ်ငန်းစဉ်ကို စနစ်တကျပြုလုပ်လျက်ရှိပါသည်။
ပင်လယ်စာတွေကိုသိမ်းဆည်းခြင်းက ရိုးရှင်းပြီးလွယ်ကူပေမယ့် စနစ်တကျနဲ့သေချာဂရုတစိုက်လုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ Ocean Toeချစ်သူတွေအတွက် ပင်လယ်စာတွေကိုကြာရှည်ခံအောင် ဘယ်လိုထားရမလဲဆိုတာtipsလေးတွေပြန်လည်မျှဝေပေးချင်ပါတယ်နော်။
Ocean Toeချစ်သူတို့ရေ အခုလိုကာလမှာ အစားများများစားပြီး အားရှိအောင်နေဖို့ကအရေးကြီးတယ်နော်။ မိုးတွေလည်းရွာ၊ ရာသီဥတုကလည်းအေးနေတာဆိုတော့ ချဥ်ငန်စပ်အရသာစုံကိုလျှာပေါ်မှာစွဲကျန်စေပြီး ထမင်းစားမြိန်စေမယ့် ထိုင်းစတိုင်ပုစွန်ကင်လုပ်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်နော်။
ဒီအပတ်မှာတော့ Ocean Toeချစ်သူတို့အတွက် ပင်လယ်စာအုန်းနို့ချဥ်စပ်ချက်နည်းလေးပြင်ဆင်ထားပါတယ်။ အခုလိုရာသီဥတုအေးနေတဲ့အချိန်မှာ အုန်းနို့ချဥ်စပ်ဟင်းရည်ပူပူလေးသောက်လိုက်ရရင်ဖြင့် လုံးဝကိုပွင့်ထွက်ပြီး ထမင်းပါချက်မလောက်ဖြစ်သွားမှာနော်။
Ocean Toe (seafood & minimart)ကို နံနက် ၈နာရီ မှ ည ၇ နာရီ အထိ ဖွင့်လှစ်လျှက်ရှိပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ Dear Our Valued Customers, Ocean Toe will be opened from 8:00 am to 7:00 pm.🥰 #OceanToe #Seafood #Premium
ပုစွန်တော်မြို့နယ်
ပုစွန်တောင်ဆိုင်ခွဲ: ၁၀၉/၁၊လမ်း၅၀နဲ့၅၁ကြား၊အနော်ရထာလမ်း၊ပုစွန်တော်မြို့နယ်
ဖုန်းနံပါတ်: 09 898221177
တောင်ဥက္ကလာမြို့နယ်
သံသုမာဆိုင်ခွဲ: အမှတ် ၁၂၅/၁၊၁၄/၃ရပ်ကွက်၊သံသုမာလမ်း၊ ဥက္ကလာပဘုရားနဲ့မြင်သာဈေးကြား
ဖုန်းနံပါတ်: 09 898221177
မရမ်းကုန်းမြို့နယ်
ကျိုက်ဝိုင်းဆိုင်ခွဲ: အမှတ် ၃၈(ခ)၊ကျိုက်ဝိုင်းဘုရားလမ်း၊၈မိုင်၊မရမ်းကုန်းမြို့နယ်
ဖုန်းနံပါတ်: 09 898221177