Ocean Toe

About Ocean Toe


Since 1995
Ocean Toe

Ocean Toe Seafood and Food Distributor has over 25 years of experience in the seafood industry. We import high quality seafood to Taiwan, China, Thailand that meets the export quality standards. Products are made in Myeik from Tanintharyi Division where is being bred and produced and distributed. Livestock is bred in accordance with internationally recognized GAqP standards, and packaging is safe and nutritious for consumers' health. Raws have to pass through the cleaning process with modern ozone machine.

We have a variety of fresh and high quality seafood and Myeik bird's nest, Kanzaw oil, meat / fish products imported from Thailand. We also sell Japanese seafood and Thai meatballs at low prices.

Our Products

Articles

OCT

ပင်လယ်စာတွေကို ကြာကြာအထားခံအောင်ဘယ်လိုသိမ်းဆည်းကြမလဲ?

ပင်လယ်စာတွေကိုသိမ်းဆည်းခြင်းက ရိုးရှင်းပြီးလွယ်ကူပေမယ့် စနစ်တကျနဲ့သေချာဂရုတစိုက်လုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ Ocean Toeချစ်သူတွေအတွက် ပင်လယ်စာတွေကိုကြာရှည်ခံအောင် ဘယ်လိုထားရမလဲဆိုတာtipsလေးတွေပြန်လည်မျှဝေပေးချင်ပါတယ်နော်။

OCT

ထိုင်းစတိုင် ပုစွန်ကင်

Ocean Toeချစ်သူတို့ရေ အခုလိုကာလမှာ အစားများများစားပြီး အားရှိအောင်နေဖို့ကအရေးကြီးတယ်နော်။ မိုးတွေလည်းရွာ၊ ရာသီဥတုကလည်းအေးနေတာဆိုတော့ ချဥ်ငန်စပ်အရသာစုံကိုလျှာပေါ်မှာစွဲကျန်စေပြီး ထမင်းစားမြိန်စေမယ့် ထိုင်းစတိုင်ပုစွန်ကင်လုပ်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်နော်။

OCT

ပင်လယ်စာအုန်းနို့ချဥ်စပ်

ဒီအပတ်မှာတော့ Ocean Toeချစ်သူတို့အတွက် ပင်လယ်စာအုန်းနို့ချဥ်စပ်ချက်နည်းလေးပြင်ဆင်ထားပါတယ်။ အခုလိုရာသီဥတုအေးနေတဲ့အချိန်မှာ အုန်းနို့ချဥ်စပ်ဟင်းရည်ပူပူလေးသောက်လိုက်ရရင်ဖြင့် လုံးဝကိုပွင့်ထွက်ပြီး ထမင်းပါချက်မလောက်ဖြစ်သွားမှာနော်။

Ocean Toe

ချစ်ခင်လေးစားရပါသော ဈေးဝယ်သူချစ်မိတ်ဆွေများ ရှင်✨

Ocean Toe (seafood & minimart)ကို နံနက် ၈နာရီ မှ ည ၇ နာရီ အထိ ဖွင့်လှစ်လျှက်ရှိပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ Dear Our Valued Customers, Ocean Toe will be opened from 8:00 am to 7:00 pm.🥰 #OceanToe #Seafood #Premium

OCT

ပင်လယ်စာတွေကိုသိမ်းဆည်းခြင်းက ရိုးရှင်းပြီးလွယ်ကူပေမယ့် စနစ်တကျနဲ့သေချာဂရုတစိုက်လုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ Ocean Toeချစ်သူတွေအတွက် ပင်လယ်စာတွေကိုကြာရှည်ခံအောင် ဘယ်လိုထားရမလဲဆိုတာtipsလေးတွေပြန်လည်မျှဝေပေးချင်ပါတယ်နော်။

-ပြင်ပလေမဝင်အောင် စနစ်တကျဖုံးအုပ်ပါ။

ပင်လယ်စာကို ရေခဲသေတ္တာထဲမထည့်ခင် သင့်အိမ်မှာရှိတဲ့ပန်းကန်ပြား ဒါမှမဟုတ် ဗန်းပေါ်တင်ပြီးပြင်ပလေမဝင်အောင် ပုဝါပါးပါးဖြင့်စနစ်တကျဖုံးအုပ်ပါ။ ပလတ်စတစ်ဘူးအပါးလေးထဲထည့်ပြီးလည်းလုံခြုံအောင်သိမ်းဆည်းနိုင်ပါသည်။ ဒီလိုလုပ်ခြင်းကသင့်ရဲ့ပင်လယ်စာတွေ ခြောက်သွေ့ခြင်းမှကင်းဝေးစေပြီး ငါး၊ပုစွန်တို့အနံ့အသက်ခွက်ခြင်းမှလည်းကာကွယ်ပေးပါတယ်။

-ခပ်ခွာခွာထည့်သွင်းပါ

လုံလောက်တဲ့အအေးဓာတ်ရစေပြီး အတွင်းပိုင်းမှာ လေပုံမှန်လှည့်ပတ်နိုင်တဲ့နေရာတစ်ခုရှိစေဖို့ပင်လယ်စာများကို ရေခဲသေတ္တာထဲကြပ်ညပ်နေအောင်မထားဘဲ ခပ်ခွာခွာနေရာချပြီးထည့်သွင်းရပါမယ်။

-ရေခဲသေတ္တာရဲ့အအေးဆုံးနေရာမှာထည့်သွင်းသိမ်းဆည်းပါ

ကြာရှည်လတ်ဆတ်နေစေဖို့အတွက်အအေးဆုံးနေရာမှာထားပါ။ပုံမှန်အားဖြင့်ရေခဲသေတ္တာရဲ့အပေါ်ဆုံးထပ်နဲ့အလယ်အထပ်တွေခက်စာရင်အောက်ဆုံးထပ်ကပိုအေးခဲပါတယ်။ဒါကြောင့် ပင်လယ်စာတွေကိုရေခဲသေတ္တာရဲ့အောက်ဆုံးထပ်မှာသိမ်းဆည်းတာအကောင်းဆုံးပါ။

-ပျမ်းမျှအပူချိန် -18°Cမှာထားပါ။

ပင်လယ်စာတွေကြာရှည်ခံဖို့အတွက်ဆိုရင် ရေခဲသေတ္တာရဲ့အပူချိန်ကို -18ဒီဂရီစင်တီဂရိတ်မှာမပြောင်းလဲဘဲပုံမှန်ထိန်းသိမ်းထားခြင်းကလည်းအကောင်းဆုံးရွေးချယ်မှုတစ်ခုအဖြစ်အကူအညီပေးပါတယ်။

ဒါဆိုရင် Ocean Toeချစ်သူတွေလည်း ကိုယ်နှစ်သက်တဲ့ပင်လယ်စာတွေကိုလတ်လတ်ဆတ်ဆတ်နဲ့ပိုပြီးအရသာရှိရှိစိတ်ကြိုက်စားနိုင်ပြီပေါ့…

OCT

Ocean Toeချစ်သူတို့ရေ အခုလိုကာလမှာ အစားများများစားပြီး အားရှိအောင်နေဖို့ကအရေးကြီးတယ်နော်။ မိုးတွေလည်းရွာ၊ ရာသီဥတုကလည်းအေးနေတာဆိုတော့ ချဥ်ငန်စပ်အရသာစုံကိုလျှာပေါ်မှာစွဲကျန်စေပြီး ထမင်းစားမြိန်စေမယ့် ထိုင်းစတိုင်ပုစွန်ကင်လုပ်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်များ

ကြက်သွန်ဖြူ - ၂မွှာကိုကြိတ်ပါ
ငါးငံပြာရည် - ၂ဇွန်း
သံပုရာသီး - ၅လုံး
သံပုရာရည် - ၃ဇွန်း
သကြားအညို -၂ဇွန်း
ကြက်သွန်နီ - ၂လုံး/၃လုံးခန့် အ​သေး​တွေကိုပါးပါးလှီးထားပါ
ငရုတ်ပွနီ - ၁လုံးကိုပါးပါးလှီးထားပါ
ငရုတ်သီးစိမ်း - လက်တစ်ဆုပ်စာ
နံနံပင် - လက်တစ်ဆုပ်စာ
ပူစီနံ - အနည်းငယ်
ဂျင်း - အတုံး​သေး ၁တုံး
ထောပတ် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကျားပုစွန် - လိုအပ်သလိုထည့်နိုင်ပါသည်။

ချက်နည်း

- ပုစွန်များကိုပန်းကန်လုံးကြီးတစ်ခုထဲထည့်ပြီး သံပုရာရည်၊ကြက်သွန်ဖြူ/နီအနည်းငယ်၊ဆား၊သကြားအညိုအနည်းငယ် အချို့ထည့်ပါ။ ပုစွန်များကို နှံ့​အောင်ခပ်ဖွဖွနယ်ပြီး ​ရေခဲ​သေတ္တာထဲမှာ ၁၅-၃၀ မိနစ်​လောက်နှပ်ထား​ပေးပါ။

- ​ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအ​​သေးတစ်လုံးထဲတွင် ပါဝင်ပစ္စည်းများအားလုံး(ငါးငံပြာရည်၊သံပုရာသီး၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုတ်ပွနီ၊ငရုတ်သီးစိမ်း၊နံနံပင်၊ပူစီနံ)တို့ကို သမ​အောင်​မွှေ​ပေးပါ။

- ထို့​နောက်ဒယ်ပြားကိုမီး​အေး​အေးနှင့်ပူ​အောင်ခဏထားပြီး သံပုရာသီးများလိုအပ်သ​လောက်ထက်ခြမ်းခွဲပြီးဒယ်အိုးထဲတွင် ၂မိနစ်ခန့်ထားပါ။

- သံပုရာနံ့သင်းလာ​သောအခါပုစွန်များကိုထည့်ပြီး ၅မိနစ်ခန့် မီးအပူချိန်​လျှော့ပြီးကင်ပါ၊ ပုစွန်များအနီ​ရောင်သန်းလာသည်အထိချက်ပြုတ်ပြီးသည်နှင့် နံနံပင်၊ပင်စိမ်းအနည်းငယ်အုပ်ပြီးစားသုံးနိုင်ပါပြီ။

OCT

ဒီအပတ်မှာတော့ Ocean Toeချစ်သူတို့အတွက် ပင်လယ်စာအုန်းနို့ချဥ်စပ်ချက်နည်းလေးပြင်ဆင်ထားပါတယ်။ အခုလိုရာသီဥတုအေးနေတဲ့အချိန်မှာ အုန်းနို့ချဥ်စပ်ဟင်းရည်ပူပူလေးသောက်လိုက်ရရင်ဖြင့် လုံးဝကိုပွင့်ထွက်ပြီး ထမင်းပါချက်မလောက်ဖြစ်သွားမှာနော်။
ပင်လယ်စာ​တွေမှာ ဗီတာမင်ဓါတ်ကြွယ်ဝပြီး Omega-3၊ Calciumနဲ့ အခြား​သောသတ္ထုဓါတ်​တွေလည်းအပြည့်ပါတာ​ကြောင့်ကျန်းမာ​ရေးအတွက်လည်းအ​ထောက်အကူပြုပြီး ခံတွင်းမြိန်​စေမယ့် ထမင်းဝိုင်းတစ်ဝိုင်းဖြစ်လာမှာပါ။
ကဲကဲ စာ​တွေအရှည်ကြီးမ​ရေး​တော့ပဲ ​အောက်ကRecipe​လေးကိုကြည့်ပြီး အတူတူချက်ကြည့်ကြရ​အောင်။

ပါဝင်ပစ္စည်များ

​နေကြာဆီ - ၁ဇွန်း
သံပုရာသီး - ၄လုံး
ပြည်ကြီးငါး - ၁၀၀ဂရမ်
ပုစွန်ကျား - ၁၀၀ဂရမ်
ဂုံး/ခရု - အသားထုတ်ပြီး ၃၀၀ဂရမ်
ဒိုရီငါး - ၃၀၀ဂရမ်
အုန်းနို့ - ၄၀၀မီလီလီတာ

ဟင်းအနှစ်ပြင်ဆင်ရန်

- ကြက်သွန်နီအလုံးကြီး၂လုံးကိုပါးပါးလှီးပါ၊ သံပုရာသီးအညှာ ၁စိတ်ကိုဖြတ်ထားပါ၊ ငရုတ်သီးအနီ၂​တောင့် ပါးပါးလှီးပါ၊ ကြက်သွန်ဖြူ၅မွှာ ဂျင်းလက်တစ်ဆစ်ခန့်ကို အခွံနွှာပြီး​ထောင်းထားပါ၊ နံနံပင်ကြိတ်ပြီးသားနှင့်ဇီရာ​စေ့ - ၁ဇွန်းစီ ငါးငံပြာရည် - ၂ဇွန်း ​မြေပဲ​လှော် - ၄ဇွန်း သကြားညို - ၁ဇွန်း

ဟင်းအလှပြင်ဆင်ရန်

- ​နံနံပင်လှီးထားပါ ငရုတ်သီး​တောင့် သံပုရာရွက်

ချက်နည်း

- ဟင်းခတ်မှုန့်အတွက်ပါဝင်ပစ္စည်းများအားလုံးကို Blenderထဲထည့်ကြိတ်ပြီးအသင့်ပြင်ထား​သောငါးပိထဲသို့ထည့်နယ်ပါ။

- ထို့​နောက်နယ်ထား​သေားငါးပိအနှစ်ကိုနာရီဝက်ခန့်နှပ်ထားပါ။

- ဒယ်အိုး(သို့)ဒယ်အိုးပြားထဲသို့ဆီထည့်ပြီးအပူ​ပေးပါ။

- ငါးပိအနှစ်နှင့်သံပုရာရွက်တို့ကိုထည့်ပြီးတစ်မိနစ်ခန့်​ကြော်ပါ။ ထို့​နောက်ပင်လယ်စာများနှင့်သမ​အောင်​မွှေပြီးအုန်းနို့ထဲတွင်မြုပ်​အောင်​လောင်းထည့်ပါ။

- ပွက်ပွက်ဆူပြီးအုန်းနို့အနည်းငယ်ခန်းလာသည့်အခါ​ရေကိုလိုအပ်သလိုထည့်ပြီးဒိုရီငါးထပ်ထည့်ပါ။

- အိုးကိုအဖုံးဖြင့်ဖုံးပြီး ၅-၈မိနစ်ခန့်ချက်ပြီးပါက နံနံပင်၊ငရုတ်သီး၊သံပုရာရွက်တို့ဖြင့်အလှဆင်ပြီးစားသုံးနိုင်ပါပြီ။ (လိုအပ်ပါကသံပုရာရည်ထပ်ညှစ်ပြီးသုံး​ဆောင်နိုင်ပါပြီ။)

Our Stores

You can find us at these places!

Pazuntaung

Pazuntaung Branch

Pazuntaung Township

Pazuntaung Branch: 109/1, Between 50 st & 51 st, Anawyahtar Road, Pazuntaung Township

Phone Number: 09 898221177

Than Thu Mar

Than Thu Mar Branch

South Okklarpa Township

Than Thu Mar Branch: No.125/1, 14/3 Ward, Than Thu Mar Street, (Between Okklarpa Pagoda & Myin Thar Market)

Phone Number: 09 898221177

Mayangone

Kyaik Wine Branch

Mayangone Township

Kyaik Wine Branch: No.35B, Kyaik Wine Pagoda Road, 8 Miles, Mayangone Township

Phone Number: 09 898221177

Mandalay

Mandalay Branch

Chan Aye Tharzan Township

Mandalay Branch: No.71, 73 Road, Between 29 Road & 30 Road, Chan Aye Tharzan Township

Phone Number: 09 898221177

Our News

Proudly Presented by Digiboxes One-Stop Marketing Solutions Digiboxes Ltd.

Proudly Presented by
Digiboxes One-Stop Marketing Solutions Digiboxes Ltd.

NEWSLETTER

Join our mailing list to receive updates on new arrivals and special offers.